အညာနို့ခဲလုပ်စားမယ်


ဒါလဲ မေမြို့မှာစားခဲ့တာပဲနော်၊ နို့ခဲကအညာဘက်က ပိုလုပ်စားကြပါတယ်၊ နို့ခဲချက်စပ်စပ်လေးစားချင်နေတာကြာပြီ၊ မေမြို့က အဒေါ်ကြီးတယောက် လုပ်တာမြင်ဖူးတာပါ၊ သူကတော့ မုရိုးစေး အစက်လေးတွေချပါတယ် ၊အညာဘက်မှာဒီအပင်ပေါမှပေါ၊ ဒီမှာ တော့မုရိုးမရှိလို့ သံပရာရေသုံးမယ်နော်၊ အဓိက က နွားနို့ပျက်သွားအောင် အချဉ်ထဲ့တာပါနော်။

ပါဝင်ပစ္စည်းများ

-နွားနို့ သုံးလီတာခွဲ ဘူးကြီးတဘူး( ပြီးရင်သေးသေးလေးပဲကျန်တာ)
-သံပရာသီးနှစ်လုံး
-ဆားနဲနဲ

 

စစချင်း နွားနို့တွေအိုးထဲ ထဲ့ပြီ တည်ထားပါနော်( မီးနဲနဲ)

၊နွားနို့ ပူလာမယ်ဆိုရင် ခုလိုမျိုးသံပရာရည် ထဲ့ပြီး ဆက်မွှေပါနော်

၊ တော်တော်ကြာ ပွက်ခါနီးရင် နွားနို့ စပျက်လာတာတွေ့ရပါမယ်။

 အဆင်သင့်အနေအထားကိုရောက်ပါပြီ

   

အရည်နဲ့အဖတ် ကွဲပြီဆိုရင် ပိတ်စခံပြီး အရည်စစ်ချပါ၊ စစ်လို့ရတဲ့အရည်တွေက နို့ဦးရည်လိုပဲအားရှိပါတယ် ဆိုလို သိမ်းထားလိုက်တယ်(သမီးငယ်ကအရမ်းကြိုက်ပါတယ်)၊ နောက်ပြီး ဟင်းထဲ ထဲ့ချက်လို့ရှိရင် စိမ့်ပါတယ်နော်။

  အရည်စစ်ပြီးသားအဖတ်တွေကိုဆားနဲနဲထဲ့နယ်ပြီး အဲဒီအဝတ်နဲ့ပဲ ကျပ်ကျပ်စည်းပြီးအလေးဖိထားလိုက်ပါနော် ၊ လေး ငါး နာရီဆိုရင်ရပါပြီ

   

ရလာတဲ့ နွားနို့ခဲလေးကို ဒယ်ပေါ်မှာဆီသုတ်ရုံလေး သုတ်ပြီး ကင်ပါ၊ ညိုလာရင် နွားနို့ခဲလေးရပါပြီနော်

20 comments on “အညာနို့ခဲလုပ်စားမယ်

  1. thank you so much par ei thet yae…..
    i like to eat ‘noe khae’ curry very much but i really dont know how to make it.
    i will try to make it, thanks again naw 🙂

  2. Thanks a millions . Ma Ma Ei thet. i am really like to eat it.But i didnt eat this for so so long.. i am going to make it now…

  3. မမရေ…နို့ခဲကို တခါလုပ်ထားပြီးရင် ဘယ်လောက်ကြာကြာအထားခံလဲ ဟင်?

  4. မရေ နို့ခဲကိုပြန်ချက်စားလို့ရတယ်မဟုတ်လားဟင် နည်းလေးတွေအတွက်ကျေးဇူးပါ အဆင်ပြေရင်ဒိန်ချဉ်လုပ်နည်းလေးလဲ ရေးပေးပါဦးနှော်

Leave a comment